အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၉ရက်၊ မနေ့ကထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ထဲမှာ Asia Sun Group Company Limited   Swan Energy Company Limited   Myan-Oil Company Limited Rich Ray Trading Company Limited Progress Technology Support Company Limited (a.k.a Royal Shune Lei) နဲ့ King Royal Technologies Company Limited တို့ကို ပိတ်ဆို့အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။

အခုနှစ်(၂၀၂၄) ဩဂုတ်လအတွင်း မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်အရေအတွက်ဟာ အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(ဓာတ်ပုံ UK in Myanmar’s Facebook)

ဒါ့အပြင် UK အနေနဲ့ မြန်မာပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက်မြန်မာပြည်သူတွေနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ တာဝန်ခံမှု၊ တရားမျှတမှုရှိဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အီးယူ၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲတောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အင်ဒိုပစိဖိတ်ရေးရာဝန်ကြီး Catherine West ကနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။

ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီကို ပစ္စည်းကိရိယာတွေနဲ့ လေကြောင်းလောင်စာတွေ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ ယခုချမှတ်လိုက်တဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများနဲ့ ၄င်းတို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂါတ်အတွက် ယူကေဟာ ကူညီထောက်ပံ့မှုတွေနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ပါတယ်။’’ လို့ ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြ

“China’s Policy Burma’s Mystery!” ၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲကို မေလ ၁၇ ရက် မနေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။