မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်းပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။

ငဖဲမြို့နယ် ၊အမ်းပဒါန်း လမ်းပိုင်းမှာ အမ်းမြို့နယ်ကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်က ကား( )စီးနဲ့ ဆိုင်ကယ် () စီးပါယာဉ်တန်းကို အောက်တိုဘာလ ၂၈ ရက် မွန်းတည့်အချိန်ခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။

(ဓာတ်ပုံ ACDF)

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၀) ယောက် သေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့တယ်လို့ ACDF က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင် အမှတ်()တပ်ရင်းမဟာမိတ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ACDF)
0 Shares:
You May Also Like
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈)မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
Read More

ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်တပ်က လူမိုက်ဂိုဏ်းတွေကို အသုံးပြုပြီး စစ်သားသစ် စုဆောင်းမှုများရှိလာ

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်က ကြေးစားလူမိုက်တွေကို အခကြေးငွေပေးပြီး စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲမှုတွေ ပြုလုပ်လာနေကြောင်း မြို့ခံတချို့ဆီက သိရပါတယ်။