ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်တဲ့ စစ်အုပ်စုတွေ မိုင်း ၂ ကြိမ် ဆွဲခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) အဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်၊ မနက်အစောပိုင်းက နတ်တလင်းမြို့နယ်၊ အိုးဘိုကုန်းကျေးရွာကနေ မကျီးပင်ကျေးရွာကိုထွက်လာတဲ့ စစ်အုပ်စု ဆိုင်ကယ် ၅ စီးကို မကျီးပင်ရွာအနီး ဘုရားတောင်ကုန်းနားအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် အိုးဘိုကုန်းရွာဘက်ကနေ တပ်ကူထွက်လာတဲ့ စစ်အုပ်စုဆိုင်ကယ်တွေကိုလည်း ဘုရားတောင်ကုန်းနားမှာပဲ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်အပြီး နတ်တလင်းမြို့ပေါ်ကနေ ရဲကား၁စီးနဲ့ လူနာတင်ကား ၂စီး အခင်းနေရာကိုရောက်လာပြီး ထိခိုက်သူတွေကို ပြန်လည်သယ်ဆောင်သွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) အဖွဲ့ကပြောပါတယ်။

ဒမငယ်က ထွက်တဲ့ကောင်တွေနဲ့ မကျီးပင်ရွာက ထွက်လာတဲ့ကောင်တွေ ပေါင်းပြီး အိုးဘိုကုန်းရွာထိပ်မှာ ဆုံကြပါတယ်။ အဲ့ဒီကနေ ဆိုင်ကယ်၅စီး လူ၁၀ယောက်ပါလာတဲ့ အဖွဲ့ကို  မကျီးပင်ရွာနားမှာ ပထမဆုံးမိုင်းဆွဲခဲ့ပါတယ်။  အဲ့ဒီနောက် အိုးဘိုကုန်းရွာမှာကျန်ခဲ့တဲ့ ၁၂စီးက ထပ်ပြီးထွက်လာလို့ အရင်နေရာအရောက်မှာပဲ ထပ်ပြီးမိုင်းဆွဲဲပါတယ်။ မိုင်းက ၄ကွင်းကို ၂ကွင်းစီခွဲခဲ့တာပါ။ သေတာကတော့၂ကောင်လို့သိရတယ်။ စခဗိုလ်နဲ့ ရဲသေတာပါ။ နောက်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာပြင်းတယ်လို့ကြားပါတယ်။လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ ( Phoenix DF) အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဂျူပီတာက မောင်းကို ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ ရပ်ရွာတွေထဲ ကင်းလှည့်လေ့ရှိတဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေရဲ့ လှည့်ကင်းဆိုင်ကယ်တွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး မိုင်းဆွဲပြီးပြီးချင်းမှာ အနီးနားက အရပ်သားတွေကို အပြစ်ရှာဖမ်းဆီးတာမျိုးတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။