အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇) မှုအထိ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ မှတ်တမ်းတင် ထားရှိကြောင်း ထုတ်ပြန်လာပါတယ်။

စက်တင်ဘာလ အတွင်း စစ်ကိုင်းတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။

ရှမ်းပြည်နယ်မှာတော့ (၃၇) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ် ကျူးလွန်ခဲ့တဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေ၊ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက် စစ်အုပ်စု ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

(ဓာတ်ပုံ Ministry of Human Rights – NUG)

I am text block. Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

0 Shares:
You May Also Like
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရခိုင်ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်တွေကို အကြမ်းဖက်စစ်တပ်ဂိတ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

ဧရာဝတီတိုင်းထဲက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ်တွေက ကားလမ်းတွေပေါ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်တွေ ဝင်လာတယ်ဆိုပြီး ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေက နိုဝင်ဘာလ ၂၁ရက် ဒီနေ့ မနက်…
Read More

သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ထဲကို ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။