ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကြို့ပင်ကောက်မြို့အနီး ပဲခူးရိုးမထဲမှာရှိတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့အောက်တိုဘာ၂၃ရက်နေ့ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုးနေခဲ့တာလို့ သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၈ ရက်၊  ညနေ ၆ နာရီဝန်းကျင်အချိန်မှာတော့ အေးရွာလေးရွာကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ဝင်ရောက်လာကာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိကတော့ စစ်ဘေးရှောင်တွေက မြို့ပေါ်ကို တစ်ဝက်လောက် ရှောင်သွားတယ်။ မီးကတော့ ရှို့သွားတယ်။ သတ်ဖြတ်ခံရသူရှိ၊ မရှိက ကျနော်တို့လည်း အတည်မပြုနိုင်သေးပါဘူးလို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ၂၆ ရက် ညနေပိုင်းကလည်း အေးရွာလေးရွာက ဒေသခံပြည်သူအယောက် ၆၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး လူသားဒိုင်းအနေနဲ့ အသုံးပြုကာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်းမမြို့အခြေစိုက် အင်းမ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ ဘော်ဘင်ရွာက ပျူစောထီးတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ကျနော်တို့ တချို့ရွာတွေ လက်လွှတ်ပေးလိုက်ရပါပြီ။ စကစဘက်ကလည်း တော်တော်တော့ ကျပါတယ်။ ဒါပေမယ့် သူတို့တွေက အသေခံပြီးကို တက်လာတာ။ အင်အားကလည်း ၂၀၀ ကျော်လောက်ရှိနေပြီလို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းမှာလည်း ကန်နီကျေးရွာ ဘော်ဘင်တိုက်က ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဘော်ဘင်တိုက်အား မီးရှို့ဖျက်စီးနေမှုကို အဝေးက မြင်တွေ့ရစဉ် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

နတ်တလင်းတွင် စစ်ကော်မရှင်ကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေသည့် ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း…

" ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်" လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့လာရင်း သောက်စားနေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပြည်သူ့စစ်သင်တန်းဆင်း ၂ ဦး နေရာတင် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောတွင်းတစ်နေရာက မကဒတ ၃၆ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အခမ်းအနား ကို အမှတ် ၃ စစ်ကြောင်း မှာ နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။