ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး အယောက် ၆၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၂၈)ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို လေကြောင်းတိုက်ခိုက်မှု()ကြိမ် ပြုလုပ်ခဲ့တာပါ။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းက စစ်သုံ့ပန်းတွေနဲ့ အခြားစစ်သုံ့ပန်းတွေ ထားရှိရာ အဆောက်အအုံကို ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း() ယောက် အပါအဝင် (၁၂) ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် (၆၀) ဝန်းကျင် ရှိခဲ့တယ်လို့ MDY-PDF က ဆိုပါတယ်။

(ဓာတ်ပုံ Mandalay People’s Defence Force)

MDY-PDF အနေနဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက သူတို့ တပ်ဖွဲ့ဝင်ဟောင်းတွေကိုတောင် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဆိုပါတယ်။

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ Mandalay People’s Defence Force)

0 Shares:
You May Also Like
Read More

ဂျပန် ဖိုက်တာ တာခဲရူကို မြန်မာလက်ဝှေ့ကျော် သန့်ဇင် ရှုံးနိမ့်

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ ၃ ကြိမ် အနိုင်ရ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးအမတ် ပစ်သတ်ခံရ

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်က ကြံ့ခိုင်ရေးပါတီ အမတ် စိုင်းငေါင်းဆိုင်ဟိန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကောင်စီနှင့် နီးစပ်သူ ရခိုင်ခရိုနီ ဦးကျောက်တောင်၏ တောင်ကုတ်နှင့်​ မောင်​တောရှိ ပိုင်ဆိုင်မှုများကို AA ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ နာမည်ကြီး ရခိုင်လုပ်ငန်းရှင် သူဌေးကြီး ဦးကျောက်‌တောင်ရဲ့ တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်က ပိုင်ဆိုင်မှုတွေကို အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ရက္ခိုင်ပြည်သူ့အစိုးရက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။