ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၁သောင်းစီ ခွဲတမ်းနဲ့ ကောက်ခံနေတာဖြစ်ပြီး မဖြစ်မနေ ဖိအားပေးကောက်ခံနေတယ်လို့လည်း သိရပါတယ်။

အိမ်တိုင်း ထည့်ရတာ။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံတာ။ စစ်မှုထမ်း ထောက်ပံ့ကြေးပေးဖို့ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ မထည့်မနေရ ပေးရတယ်လို့ မအူပင်မြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

မအူပင်မြို့မှာ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၈၈ အုပ်စုရှိတယ်။ ရပ်ကွက်တိုင်း ကျေးရွာတိုင်း စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး ကောက်ခံနေတာ။ လူတွေက ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်ပြီး အလုပ်အကိုင်ရှားပါးလို့ အခက်အခဲတွေ ဖြစ်နေကြရတဲ့အထဲ စားဖို့အနိုင်နိုင် ရုန်းကန်နေကြရတဲ့ကာလမှာ သူတို့က ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးကောက်ခံတာတွေ လုပ်နေကြတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ မြို့နယ်တွေထဲက စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲ ခေါ်သွင်းခံရသူတွေအများစုဟာ ရခိုင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာတွေကို အများဆုံးအပို့ခံနေရပြီး ရခိုင်စစ်မြေပြင်မှာလည်း သေဆုံးမှုတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ရွှေဘို ပကဖ က ကျဆုံး ပကဖ ရဲ​ဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့​​ငွေနှင့် ဦးညွှတ်ဂုဏ်ပြုလွှာ ​ပေးအပ်

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ကျဆုံးရဲ​ဘော်​တွေအတွက် ထောက်ပံ့​ငွေတွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာကို ရဲ​ဘော်​တွေရဲ့ မိသားစုဝင်​တွေဆီ ​ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမှာ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်း သေပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။