ဟားခါးနဲ့ ထန်တလန်ဒေသကြားက စစ်ကောင်စီတပ်စခန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီလို့ ချင်းပြည်နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။

ချင်းပြည်နယ် ဟားခါးထန်တလန်မြို့နယ်ကြား ကမ်တလန်း(Kiamtlang)ဒေသက စစ်ကောင်စီတပ်စခန်း အပါအဝင် စခန်းတချို့ကို ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့က သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့က စတင်ပြီး ဟားခါးအနီးမှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ အဓိက ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွါးနေခဲ့တာပါ။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကို အဓိက အားပြုပြီး ပြန်လည်တိုက်ခိုက်မှုတွေရှိတာကြောင့် အရပ်သားတွေ ထိခိုက်ကာ သေဆုံးဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲငြိမ်သက်နေတဲ့ချင်းပြည်နယ်မှာအခုရက်ပိုင်းအတွင်းစစ်ကောင်စီရဲ့အင်အားဖြည့်တင်းလာမှုတွေကြောင့်ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြန်လည်ပြီးတိုက်ပွဲတွေဖော်ဆောင်လာတာလို့သိရပါတယ်။

တဆက်တည်းမှာပဲ  ထန်တလန်မြို့မှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာခဲယမ်း ဖြည့်တင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ရက်မှာ ထန်တလန်မြို့က စစ်ကောင်စီ လက်ကျန်တပ်ဖွဲ့တွေထံ Y12 လေယာဉ်နဲ့ ရိက္ခာခဲယမ်း ဖြည့်တင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သူတို့ရဲ့ စခန်းကုန်းတွေ မကျစေဖို့ အပြင်းအထန် ခုခံကာကွယ်နေပြီး စစ်ကူတွေလည်း ပို့ဆောင်လျက်ရှိနေတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို ကလေး ပကဖ  အရှင်ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

“ရန်သူက သူတို့အလုပ်သူတို့စလုပ်နေပြီ၊ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ရမယ်“ (ပြည်သူကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုရဲ့ မိန့်ခွန်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ (၃၃) ၊ ဒေါနတပ်ရင်းက ဦးစီးကျင်းပပြုလုပ်တဲ့ စနိုက်ပါ (Sniper) သင်တန်းရဲ့ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရပ်စောက်မြို့နယ် ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၅၀)ကျော်‌ သေ၊ လက်နက်တွေ ရရှိကြောင်း DPLA ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်က (၅၀) ကျော်‌ ‌သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

ဆီမီးခုံမြို့တိုက်ပွဲအတွင်း မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၊ ၃ ဦးကိုသာ ကောင်းမွန်စွာ သင်္ဂြိုဟ်ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့တိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၆ယောက် ကျဆုံးခဲ့ပြီး ၃ ယောက်ကိုပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။