ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၉ ရက် မွန်းတည့်ချိန်နဲ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ် တိုက်လေယာဉ်ဟာ လားရှိုးမြို့ ရပ်ကွက် (၁၁) ဂေါက်ကွင်းအနီးက လူနေရပ်ကွက်နဲ့ ရပ်ကွက် () သာသနာ ၂၅၀၀ ဘုရားကို ပြင်းအားမြင့် ဗုံး ၃ လုံး ကြဲချခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတစ်ယောက် ဒဏ်ရာရခဲ့ကာ ဘုရားကျောင်းတွေနဲ့ လမ်းဘေးက လျှပ်စစ်ဓာတ်ကြိုးကဲ့သို့ အများပိုင်ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ 果敢资讯网)

0 Shares:
You May Also Like
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။
Read More

လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း NUG ပြော

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေနဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စစ်မှုထမ်းခိုင်းတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ "အဓမ္မစစ်မှုထမ်းစေခြင်း - မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။