အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အမ်မာရီလိုမြို့မှာ မြန်မာ ဟိဒ္ဒူ အဖွဲ့အစည်းက ကျင်းပတဲ့ တော်လှန်ဒေပါဝလီဆုတောင်းပွဲကို အောက်တိုဘာ ၂၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတော်လှန်ဒေပါဝလီ ဆုတောင်းပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ကာ ဆုတောင်းအမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် NUG အစိုးရအဖွဲ့ တာဝန်ရှိသူတွေက လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ နိုင်ငံတကာ ပတ်သက်တဲ့ လုပ်ဆောင်နေမှုတွေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တက်ရောက်လာတဲ့ ပြည်သူတွေဆီ အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟုမ္မလင်းက စစ်ကောင်စီနဲ့ ရှမ်းနီ ပူးတွဲတပ်စွဲထားတဲ့ စခန်းနှစ်ခုကို KIA သိမ်းပိုက်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဒီမနက်မှာ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ကလေး(၂) ယောက် အပါ (၃) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂) ယောက် အပါအဝင် (၃) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။