ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံက ကြို့ပင်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကကွယ်‌ရေးတပ်ဖွဲ့ ပကဖ (ရေတာရှည်) ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား၂ယောက်သေပြီး၃ယောက်ထက်မနည်းဒဏ်ရာရရှိသွားကာသေနတ်၁လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  ရေတာရှည်မြို့နယ် အနောက်ခြမ်း ပကဖ စနိုက်ပါ အဖွဲ့က ဦးဆောင်ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အလယ်ထူး ၉၉၁၈ တပ်ဖွဲ့နဲ့ YDAF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအဖြစ် ပျူစခန်းနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ဂန့်ဂေါခရိုင်စစ်ဌာနမှ Yawland Operation စစ်ဆင်ရေးဖြစ် ယောဒေသအတွင်း ပျူစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောအလင်း တန်းမှ ယနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က မင်းကင်းမြို့နယ် ဝင်ဝပျူစခန်း၊ လယ်ကြီးအနောက်ပျူစခန်း၊ မြောက် ခင်ရမ်းပျူစခန်း၊ ရွှေမြစ်သာပျူစခန်းနဲ့ တောကျောင်းကာကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ဝပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ပျူစစ်ကြောင်းကို ဒရုန်း ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်က Fixed wing Drone ၆ စီးနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့နယ် စစ်တပ်အခြေစိုက်စခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force - YRF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုင်းဆွဲခံရပြီး အထိနာသွားသည့် စစ်ကော်မရှင်တပ် ရွာအတွင်းဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူ (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်-ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမအတိုင်း လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထား ပါတယ်။