စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၂၇ ရက် မနေ့က ညနေပိုင်းမှာ မိတ္ထီလာ ရှမ်းတဲကနေ တက်လာတဲ့ MiG-9 ဖိုက်တာ၂ စီးနဲ့ လက်ရှိစစ်ကြောင်းထိုးနေတဲ့ ပဲမြစ်တောကျေးရွာအနီးက လက်ပံရွာ၊ နတ်ရွာ၊ မြင်သာရွာတို့ကို ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

လက်ရှိတော့ ထိခိုက်မှု သေချာမသိရသေးပါဘူး။ ကလေးငယ်တစ်ဦးကတော့ ဗုံးသံကြောင့် သတိလစ်သွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကမောင်းကိုပြောပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ မနက်ပိုင်းမှာ ဘုတလင်မြို့ကနေ ထွက်ခွာလာပြီး ညနေပိုင်းမှာ ပဲမြစ်တောကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး နောက်တပ်စွဲနေတယ်လို့ ဆိုပါတယ်။

သူကပဲ ဆက်လက်ပြီးအခု လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ ရွာတွေက သူတို့ တပ်စွဲထားတဲ့ ပဲမြစ်တောရွာနဲ့က ကြားထဲမှာ ရွာ ၄ရွာ ခြားသေးတယ်။ ဘာတိုက်ပွဲမှလည်း ဖြစ်မထားဘူး။ ဘာမှမဆိုင်တဲ့ ပြည်သူတွေ ရှိနေတဲ့ဘက်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြောက်ကြည်၊ တက်လှိုင်း၊ ပဲမြစ်တောအရှေ့ရွာ၊ ပဲမြစ်တောအနောက်ရွာ၊ ကြိုကုန်း၊ ဆိပ်သာကန်၊ ကွမ်းအုံ၊ ရွာသာ၊မြင်သာ၊ နတ်ရွာ၊ အုပ်ဖိုစတဲ့ရွာတွေကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ရက်၊ ၁၃ရက် နဲ့ ၁၈ရက်တို့တုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ ဘုတလင်က  ဗန္ဓုလကွက်သစ်ရပ်ကွက်၊ မြောက်ပြင်ရပ်နဲ့ စီပါရွာတို့ကို စီးနင်းပြီး ဒေသခံ ကလေးငယ်တွေနဲ့  အမျိုးသမီးတွေအပါအဝင် စုစုပေါင်း၂၄ ယောက်ကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဘုတလင် စီပါရွာတွင် စစ်တပ်က သတ်ဖြတ်ခဲ့မှုမှ ကျန်ရစ်ခဲ့သော လူအရိုးတချို့ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ယောက်သေပြီး ၃ ယောက် အရှင်ဖမ်းမိ…

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။