ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ () ဌာနချုပ်အနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ ၅ ကို ရခိုင့်တပ်တော် AA က လနဲ့ချီ ပိတ်ဆို့ထားသလို အကြမ်းဖက်စစ်တပ်ကလည်း ရက်ခြားဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

ဒီနေ့မနက်အစောပိုင်းမှာ ဂျက်လေယာဥ်နဲ့ ဗုံး၄လုံးတိတိလာကြဲတယ်။ ဂျက်တိုက်လေယာဥ် ဗုံးကြဲပီးလို့ မကြာခင်မှာ နောက်ထပ် Y12 လေယာဥ်နဲ့ ၅လုံးထပ်ကြဲချတယ်လို့ နခခ အနီးမှာရှိတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ရခိုင့်တပ်တော် AA က နခခ ၅ ကို အပြီးသတ် ထိုးစစ်ဆင်နေသလို စစ်ကောင်စီကလည်း ဌာနချုပ် လက်မလွှတ်ရရေး လေကြောင်းတိုက်ခိုက်မှုတွေ သုံးကာ အသည်းအသန် ကာကွယ်နေတာပါ။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က မောင်တောမြို့နယ်၊ အင်းဒင်ရွာအခြေစိုက် အမှတ် (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – AA Info Desk)

ဂွမြို့နယ် မြောက်ဘက်က ကျေးရွာတချို့မှာလည်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုအပြင် ရေကြောင်းကနေပါ လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တေးရေး နိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ ရဲ့​ ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ကနေ ရေဝေးသုဿန်အအေးခန်းဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးတွင် အုပ်ကြီးနှင့် ပျူများ ရောက်နေချိန် ပြောက်ကျား ၂ ဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေ၊ မိုင်းတွေနဲ့ သွားရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။