ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး () လုံးအပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ () ယောက် သေဆုံးပြီး () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ(၂၇)ရက် မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ နောင်ချိုမြို့နယ်ရှိ သပြေရပ်ကွက်မှာ ပြည်သူတွေကို ဦးတည်ပြီး ပေါင်(၃၀၀) ဗုံး ()လုံးနဲ့ ဗုံး()လုံး စုစုပေါင်း (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၊ သပြေရပ်ကွက်နေ အသက်(၆၀)အရွယ် အမျိုးသား () ယောက် သေဆုံးခဲ့ပြီး အသက် (၅၀) ဝန်းကျင်ရှိ အမျိုးသမီး() ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်()လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ(၂၈)ရက် ဒီနေ့ မနက်အစောပိုင်းအချိန်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ မုံးစီးမြို့နယ် ရေပူစမ်းအနီး ဗုံး()လုံးထက်မနည်း လာရောက်ကြဲချခဲ့ရာ ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၂၇) ရက်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ()ကြိမ်လာရောက်ကာ နမ့်ခမ်းမြို့ စခန်းသစ်အနီး ဗုံး()လုံး၊ မန်ဆာနတ်စဉ်ကုန်းနဲ့ လယ်ကွက်နားမှာ ဗုံး()လုံး စုစုပေါင်း ဗုံး()လုံး လာရောက်ကြဲချခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် ဒေသခံတွေရဲ့ စပါးခင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ပွားတော့တဲ့ မြို့နယ်၊ ကျေးရွာနဲ့ နေရာဒေသတွေကို လေကြောင်းနဲ့ နေ့စဉ်ရက်စက် အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ထိခိုက်သေဆုံးမှုရှိသလို ပြည်သူပိုင်နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် စစ်ကြောင်းထိုး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု မျက်မြင် ၇ ဦး သေပြီး စက်တပ်လေထီး ဗုံးကြဲကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က မျက်မြင် ၇ ယောက်သေဆုံးကာ စက်တပ်လေထီး ဗုံးကြဲရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘားအံမြို့မှာ တန်ဆောင်တိုင်မီးပုံပျံ အိမ်ပေါ်ပြုတ်ကျရာကနေ မီးလောင်မှုဖြစ်ပွားပြီး ကား ၁ စီးနဲ့ အဆောက်အဦး၂ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ ဘားအံမြို့က မွေးမြူရေးဇုန်မှာ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက မီးပုံးပျံ အဆောက်အဦးပေါ်ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားကာ အဆောက်ဦး ၂ လုံးနဲ့ ကား၁စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။