ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် () လုံး၊ ဝက် ()ကောင်နဲ့ အရပ်သား () ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း အောက်တိုဘာလ (၂၅) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၆၄) တပ်ရင်းကနေ ၁၂၂ မမ () လုံးပစ်ခတ်ခဲ့ရာ ကော်သာစေးကျေးရွာ အနီး ကျရောက် ပေါက်ကွဲခဲ့သလို အဲ့ဒီနေ့လည်ပိုင်းမှာပဲ ၁၂၀ မမ () လုံးထပ်မံပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ကျေးရွာနေ အမျိုးသမီးရဲ့ ပေါင်နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာရရှိတဲ့အပြင်နေအိမ်()လုံးနဲ့ ရေတုန်ကင်() လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ(၂၆)ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကွင်းချောင်း၀ကနေ ၁၂၀ မမ ()လုံး ပစ်ခတ်ခဲ့ရာ  သောင်ပု (ကတို)မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်စရစ် အနောက်ဘက်မှာ နေထိုင်တဲ့ လှေမောင်းနေသူ အမျိုးသားရဲ့ ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်းမှာလည်း (၁၂၀)မမ()လုံးထပ်မံပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ (၁၅)နှစ်အရွယ် မိန်းကလေးအပါ ပြည်သူ() ယောက်နဲ့ ဝက်()ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၂၄) ရက် မနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၆၄) တပ်ရင်းက ၁၂၂ မမ () လုံးပစ်ခတ်ခဲ့ရာ ကော်သာစေး ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

 

(ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ ပါးနှင့် အဘွားဖြစ်သူ သေဆုံး၊ အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များ ထိခိုက်သေဆုံးမှု များပြားနေ၊ အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မစုဆောင်း၍ သင်တန်းအမြန်ပေးကာ ရှေ့တန်းသို့ စေလွှတ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦး သေဆုံး၊ (၇) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်နဲ့ ၆ မိုင်အကွာ ဆိုင်းတောင်ရွာကို KIA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။