ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၂၇ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်က သိန္နီမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

(ဓာတ်ပုံ 果敢资讯网)
(ဓာတ်ပုံ 果敢资讯网)

စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ သိန္နီမြို့ပေါ်ကို ပေါင်ချိန်များတဲ့ ဗုံးအများအပြားကို ကြဲချခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင် အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးနားရှိ နေအိမ်တွေကိုလည်း ထိခိုက်ပျက်စီးမှု အတိုင်းအတာတစ်ခုအထိ ရှိခဲ့ပေမယ့် လူ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ MNDAA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ 果敢资讯网)
(ဓာတ်ပုံ 果敢资讯网)
0 Shares:
You May Also Like
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ပုလောမြို့နယ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ လက်မခံ၊ အတုအယောင် ရွေးကောက်ပွဲအတွက် ဝိုင်းဝန်းကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထား

လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကပါ လက်မခံ ဆန့်ကျင်ကြောင်း အသီးသီး စာတွေ ထုတ်ပြန်နေကြပါတယ်။