ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

မိခင်နေမကောင်းလို့ဆေးဝယ်ဖို့ထွက်လာရင်းကားတိုက်ခံရပြီးသေဆုံးခဲ့တဲ့သူတို့မောင်နှမ၂ယောက်ကိုဒီနေ့အောက်တိုဘာ၂၈ရက်မှာမီးသင်္ဂြိုဟ်မယ်လို့သိရပါတယ်။

သူတို့က ညီနောင်ကျေးရွာဘက်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြေးလာကြတာလေ။ မိခင်ကြီးနေမကောင်းလို့ ဆိုင်ကယ်နဲ့ ဆေးသွားဝယ်တဲ့အချိန်မှာ ကားနဲ့အတိုက်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတာပါ။ ကလေး၂ယောက်ကိုတိုက်တဲ့ကားက မောင်းပြီးထွက်ပြေးသွားပေမယ့်အနီးနားမှာရှိတဲ့ ဆိုင်ကယ်သမားတွေ ဝိုင်းဝန်းပြီးလိုက်ဖမ်းခဲ့လို့ မြဝတီမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်ရဲစခန်းနဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

မြဝတီမြို့နယ်ထဲမှာက ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ​​နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်တဲ့သူတွေ အများအပြားရှိနေတယ်။ ရရာအလုပ် လုပ်ကိုင်စားသောက်နေကြရတာ။ တိုက်ပွဲတွေက မကြာခဏဖြစ်နေတော့ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်စခန်းတွေနဲ့ မြဝတီမြို့ပေါ် ရပ်ကွက်တွေက ဆွေမျိုးနီးစပ်သူတွေဆီမှာ ခေတ္တနေထိုင်ကြရတာပါလို့ သေဆုံးသူကလေးနှစ်နဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အနီးတဝိုက်မှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မြဝတီမြို့အနီးတဝိုက် ကျေးရွာတွေက အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ မောင်နှမ နှစ်ယောက်
0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်ကောင်စီရဲ့ ၆၀၀၆ တင့်ကားတပ်ရင်းက စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကြောင်းလိုက် ပြုတ်ထားတာ မကြာသေးတဲ့ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့  အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းတွင် ကင်းလှည့်စစ်ကားနှင့် တော်လှန်တပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်

မကွေးတိုင်း၊ နတ်မောက် -ပျော်ဘွယ်လမ်းပိုင်းမှာ လမ်းပိုင်းစစ်ဆေးနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်-နတ်မောက်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၅ရက်နေ့ ညပိုင်းက နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီးမှာ တောာ်လှန်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးလုပ်ဆောင်နေချိန် အကြမ်းဖက်စစ်တပ်ကားနဲ့ ထိပ်တိုက်တိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။