ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၃၆ နှစ်မြောက် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုတောင်းမေတ္တာ ပို့သတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဒီကနေ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၃၆ နှစ်ပြည့်အခါသမယမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနဲ့ ခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသားများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနဲ့ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီဟာ တတိယမဲအများဆုံး ရရှိထားတဲ့ နိုင်ငံရေးပါတီလည်း ဖြစ်ပါတယ်။

SNLD ပါတီဟာ လာမယ့် ရွေးကောက်ပွဲအတွက် ပါတီကို စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်တာ မရှိဘဲ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းအတွင်း ခရိုင် ၃ ခုမှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ တောင်ငူ၊ ပြည် နဲ့ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူတွေကို အကြမ်းဖက်စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်…

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အတင်းအဓမ္မ စုဆောင်းခံထားရသူတွေနဲ့ စားဝတ်နေရေးအဆင်မပြေလို့ စစ်မှုထမ်းဖို့ အခကြေးငွေယူကာ စစ်တပ်ထဲ ဝင်ခဲ့ရသူတွေကို စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ညောင်ရွှေ၊ ရေပူကျေးရွာကို စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်ကြီးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သားဖြစ်သူ ဖွင့်လှစ်ထားသော Yankon KTV Bar ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် ဒုချုပ်စိုးဝင်းရဲ့သားဖြစ်သူနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ Yankon (KTV Bar) ကို ပါဆယ်ဗုံးနဲ့ သတိပေးဖောက်ခွဲခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်မြောက်ပိုင်းကို ဝင်ရောက်သည့် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက် ၁၂ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဆဲဗင်းဂျူလိုင် (၆၃)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ "၇.၇.၆၂ကို မမေ့ကြနဲ့" ကြွေးကြော်စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။