ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ တောင်ပိုင်းစစ်ဒေသ)

အောက်တိုဘာ ၂၆ ရက်က အာရှလမ်းမကြီးတစ်နေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်‌စီတပ်က သေဆုံးဒဏ်ရာရရှိမှုစာရင်းကို အတည်ပြုနေဆဲဖြစ်သလို ကျည်ကာပြား ၈ ခုနဲ့ လက်နက်ကြီးကျည်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာ စစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့) Golden Eagle နဲ့ KNU-KNLA Federal Wings Justice Wings Fixed Wings တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ရဲဘော် ၃ ယောက် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ တောင်ပိုင်းစစ်ဒေသ)
0 Shares:
You May Also Like
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။