ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာသတင်းထောက် ၂ ယောက်ဟာ ရက်ပေါင်း ၃၀ နီးပါး ထိန်းသိမ်းခံရပြီးတဲ့နောက်မှာ ကျန်းမာရေးကောင်းမွန်စွာနဲ့ ပြန်လွတ်လာခဲ့တယ်လို့ KIA နဲ့ နီးစပ်သူဆီက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ ဖားကန့်နဲ့ စိုင်းတောင်ကြားက Gade Garden စားသောက်ဆိုင် ဝန်းထမ်းတွေကို ကယ်ထုတ်တဲ့သတင်းကို ဖမ်းဆီးခံရတဲ့ ကိုတာလင်းမောင်ရဲ့ ဖေ့ဘုတ်အကောင့် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာကြောင့်  သူနဲ့အတူ လိုက်ပါသွားတဲ့ ကိုနောင်ရိုးနဲ့အတူ ဖမ်းဆီးခံရတာဖြစ်ပါတယ်လို့ KIA တပ်ဖွဲ့နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။

KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်တွေက Red News Agency သတင်းထောက် ကိုတာလင်းမောင်ကို စက်တင်ဘာ ၂၉ ရက်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပြီး အလွတ်တန်းသတင်ထောက် ကိုနောင်ရိုးကိုတော့ စက်တင်ဘာ ၃၀ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဒီသတင်းထောက် ၂ယောက် အဆက်အသွယ် ပြတ်တောက်နေမှုအတွက် အထူးစိုးရိမ်နေကြောင်း နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကိုနောင်ရိုးကို ပုဒ်မ ၅၀၅က နဲ့ တရားစွဲခဲ့ပြီး ကိုတာလင်းမောင်ကတော့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရဲ့ သတင်းထောက်အဖြစ်ကနေ CDM လုပ်ထားသူဖြစ်တယ်လို့ သိရပါတယ်။

KIA ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းထောက်၂ ယောက်
0 Shares:
You May Also Like
Read More

TNLA ရဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃) သင်တန်းဖွင့်ပွဲ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်တွင်းကြီးတွင် လက်နက်များတင်ဆောင်လာသည့် စစ်ကား တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ်ပါ စစ်သား ၅ ဦး သေ၊ ၇ ဦး အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး မောင်းနှင်လာတဲ့ စစ်ကား ၁စီး ဝက္ကသေးတံတားပေါ် တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ် လိုက်ပါလာတဲ့ စစ်သားတွေထဲက ၅ယောက်သေကာ ၇ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လက်နက်တွေတပ်ဆင်ပေး

အာရက္ခတပ်တော်(AA)က ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(တပ်မဟာ ၁)ကို စစ်လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့ကြောင်း မတူပီ (တပ်မဟာ ၁) က အသိပေးဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အခမ်းအနားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၃) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ထည့်ဖို့ပြောကြားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု စစ်ကောင်စီ တုံ့ပြန်

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။