ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့  မကြာခင်ကာလအတွင်း အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မှာဖြစ်တယ်လို့ BPLA တပ်ဖွဲ့ကွပ်ကဲရေးမှုးမောင်ဆောင်းခက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးပြောဆိုလိုက်ပါတယ်။

ကဗျာဆရာတဖြစ်လဲ BPLA ကွပ်ကဲရေးမှုးမောင်ဆောင်းခက ဒီကနေ့ကျရောက်တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ အခုလိုအသိပေးထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

၄င်းကပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်လို့ရေးသားဖော်ပြခဲ့တာပါ။

ဒါ့အပြင်၁၀၂၇စစ်ဆင်ရေးကိုစတင်ခဲ့တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များရဲ့ဦးဆောင်မှုအောက်မှာနွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအများကြီးတိုးတက်လာကြောင်းကိုလည်းအခုလိုထပ်မံထုတ်ဖော်ရေးသားထားပါတယ်။

ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်()ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီး တိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး

ပြီးခဲ့တဲနှစ် ဒီအချိန်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA TNLA AA တို့နဲ့အတူ BPLA PLA  KNDF တပ်ဖွဲ့များအပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များလည်း  ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်း ဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) စစ်သင်တန်းကို စစ်ကောင်စီက စတင်ဖွင့်လှစ်

စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ Interra Resources ကို အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို သပိတ်အဖွဲ့တွေက တောင်းဆို

မြန်မာစစ်အုပ်စုကို လောင်စာဆီတွေထောက်ပံ့နေတဲ့ Interra Resources ကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ပေးဖို့ စင်ကာပူအစိုးရနဲ့ စတော့အိတ်ချန်းကို မကွေးတိုင်းအခြေစိုက် လူထုသပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဒရုန်းဗုံးသီးနှင့် ပစ်ခတ်မှု တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး၊ ဒေသခံတစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ရှပ်ပုံရွာအနီး ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ဆီက သိရပါတယ်။