မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးရဲစခန်းထဲက ထွက်လာတဲ့ စစ်အုပ်စုတွေ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးသွားကြောင်း မြင်းခြံခရိုင်၊ တပ်ရင်း() Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့တာဝန်ခံ ကိုသက်ကြီးက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၂၇ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ ငါန်းမြာကြီးရဲစခန်းကနေ အရှေ့ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို လယ်ကွင်းထဲအရောက်မှာ ကင်းပုန်းဝပ်စောင့်ဆိုင်းနေတဲ့ မြင်းခြံခရိုင်၊ တပ်ရင်း() Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) စနိုက်ပါ ရဲဘော်တစ်ဦး (ဓာတ်ပုံ ကိုသက်ကြီး Facebook)

ကျနော်တို့ပစ်ပြီးတဲ့နောက် တိုက်ပွဲလို ထိတွေ့မှုတော့ မဖြစ်ခဲ့ပါဘူး။ လဲသွားတဲ့ ၂ကောင်ကို ဒရွတ်တိုက် ပြန်ဆွဲခေါ်သွားပြီး စနိုက်ပါနဲ့ တစ်ချက်ချင်း ကျနော်တို့ဆီ ပြန်ထောက်ကြတာတော့ရှိတယ်။ အဲ့ဒီနောက်မှာ သူတို့ထွက်မလာတော့လို့ ကျနော်တို့တပ်တွေလည်း ဘေးကင်းရာကို ပြန်ဆုတ်ခဲ့လိုက်ပါတယ်လို့ မြင်းခြံခရိုင်၊ တပ်ရင်း() Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့တာဝန်ခံ ကိုသက်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ တပ်ရင်း() Zero ပြောက်ကျားတပ်ဖွဲ့နဲ့မြင်းခြံခရိုင်၊ တပ်ရင်း() တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၆၊ မနေ့ကမနက်အစောတုန်းကလည်း ငါန်းဇွန်မြို့အနောက်ဘက် ၃မိုင်အကွာကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့ စစ်အုပ်စုတွေ ရဲပဒိုင်းရွာအဝင်မှာ တော်လှန်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရပါသေးတယ်။

မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲဘော်များ (ဓာတ်ပုံ ကိုသက်ကြီး Facebook)
0 Shares:
You May Also Like
Read More

မစ်ရှင်လုပ်ဖို့ သွားသည့် PDF များနှင့် စစ်အုပ်စု လှည့်ကင်းကားများ ထိတွေ့ပစ်ခတ်မှုဖြစ်၊ ကားပေါ်ပါလာသည့် အကြမ်းဖက်စစ်သား ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မစ်ရှင်လုပ်ဆောင်ဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ကင်းပတ်ကားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။
Read More

ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အများအပြားသေပြီး ၂၀ ကျော် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။