မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ၂၀ရက်နေ့က ရေနံချောင်းမြို့နယ်၊ ကုန်းအိုင်ဖောင်းကွဲလမ်းပိုင်းကနေ တက်လာတဲ့ အင်အား၇၀ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အောက်တိုဘာ ၂၁ရက် ညနေပိုင်းမှာ ရေနံချောင်းမြို့နယ်၊ မန်ကျည်းကန်အုပ်စု ၊ ရွှေကျင်ကန်ရွာအနီး ထိတွေ့မှုစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ၂၂ရက် မနက်ပိုင်းမှာလည်း ရွှေကျင်ကန်ရွာထဲ အထိုင်ချထားတဲ့ အထက်ပါ စစ်ကြောင်းဟာ အနီးအနားကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ဖို့ ထွက်လာရင်း အလယ်ကုန်းရွာအနီးမှာ ထိတွေ့မှုထပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒီတစ်ကြိမ်မှာလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ထပ်မံပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

ရေနံချောင်းမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ People’s Defence Force -Yenangyaung)

၂၁ ရက်နေ့မှာ ရွှေကျင်ကန်အပါ နီးစပ်ရာရွာတွေထဲ ဝင်မွှေပြီး နယ်ခံပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာမျိုးတွေလုပ်တယ်ဗျ။ ရွှေကျင်ကန်ရွာထဲ ပြည်သူအယောက် ၂၀ ကျော်လောက်ဖမ်းထားပြီး တစ်အိမ်တက်ဆင်းခိုးတယ်။ တန်ဖိုးကြီးပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ ယူတယ်ပေါ့။ ၂၂ ရက်နေ့ မနက် ၃နာရီခွဲလောက်ကျ အလယ်ကုန်းရွာနားကို ချဥ်းကပ်လာရင်း ကျနော်တို့တပ်ဖွဲ့တွေ ထောင်ထားတဲ့ နင်းမိုင်းနဲ့တိုက်မိုင်းတွေ စတိုးတယ်ဗျ။ အဲ့မှာ ကျနော်တို့ဘက်ကနေ လက်နက်ကြီး (အီနာဂါ) လက်နက်ငယ်တွေနဲ့ ပစ်ခက်တိုက်ခိုက််ခဲ့တာပါပဲ။လို့ တမာမြေအထူးစစ်ကြောင်း တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နှစ်ရက်ဆက် ထိတွေ့မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိခိုက်မှုမရှိပေမယ့် စစ်ကောင်စီဘက်က ၁၀ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီကို တမာမြေအထူးစစ်ကြောင်း( Tamar Myay Special Column) နဲ့ အတူ People’s Defence Force- Yenangyaung YNG-PDF ၊ အင်တောတိုက်နယ်ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဩ ဆားလင်းကြီးမြို့ရှိ စစ်ကော်မရှင် တပ်စွဲထားသည့် နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) ဆီက သိရပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ရက်အကြာမှာ NLD လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန် ကျန်းမာရေးဆိုးရွားပြီး ဆေးရုံပေါ် အသက်လုနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်

မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU) မှာ ဆေးကုသမှုခံယူနေရတဲ့ ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၁၁ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။