မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာကျေးရွာကို ဒရုန်းနဲ့  ဗုံးသီးတွေ  ၂ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း  Myingyan Black Tiger (MBT) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မနေ့က အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနိုင်ပြီး အတိအကျကိုတော့ စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်() တပ်ရင်းနဲ့အတူ ရဲဘော်ညီနောင် ပြောက်ကျားတပ်၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နဲ့ NY Local PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စလင်း-ဆင်ဖြူကျွန်းကားလမ်းတွင် ဖမ်းဆီးမိခဲ့သည့် စစ်တပ်ထုတ်ကုန် Myanmar Beer များအား ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာ ဖမ်းဆီးမိတဲ့ စစ်တပ်ထုတ်ကုန် Myanmar Beer တွေကို ရှင်းလင်းခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်ပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြန် (ရုပ်/သံ)

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင်ရေးနဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနက အများပြည်သူများသိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ဟာ အင်အားအများအပြားသုံးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း ဒုရဲအုပ်ရဲလွင် အပါအဝင် စစ်ကော်မရှင်တပ်သား ၁၉ ဦးသေဆုံးခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်းတလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင်ဦးစီးတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၉ ဦးသေဆုံးခဲ့တယ်လို့ Myanmar Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်နှင့် လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၂ ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။