မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။

မနေ့ကအောက်တိုဘာ၂၆နေ့ကနေစတင်ပြုလုပ်ခဲ့တဲ့မော်လမြိုင်၊မောင်ငံရပ်ကွက်ကအာဝါးဒေးပွဲဟာဆို၃ရက်တိုင်တိုင်ဝါးတန်းလမ်းမှာပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

အရင်ကတော့ သတင်းကျွတ်ဆို ဆွမ်းကြီးလောင်းပွဲပြီးရင် ဇာတ်ပွဲတွေ ရှိတာက ထုံးစံပဲလေ။ အခုက ဆွမ်းကြီးလောင်းပွဲနဲ့ ဘာမှမဆိုင်တဲ့ လောင်းကစားဝိုင်းတွေ လုပ်နေကြတယ်လို့မော်လမြိုင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ CJ)

မောင်ငံရပ်ကွက်ဆွမ်းကြီးလောင်းပွဲကိုတော့သီတင်းကျွတ်လဆန်းမှာကတည်းကကျင်းပပြီးစီးသွားပြီဖြစ်ပြီးအခုလိုအာဝါဒေးပွဲကိုတော့မောင်ငံရပ်ကွက်ရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူသန်းထိုက်ကဦးဆောင်ကျင်းပနေတာဖြစ်တယ်လို့သိရပါတယ်။

အမည်မဖော်လိုတဲ့ မြို့ခံ နောက်တစ်ယောက်ကလည်းလောင်းကစားဝိုင်း ၁ညကို ၅သိန်းနှုန်းနဲ့ ကစားဝိုင်း ၅၀ရှိတယ်။ ရတဲ့၀င်ငွေအားလုံးကို မြို့နယ်၊ ခရိုင်‌၊ မြို့မ၊ ထွေအုပ်၊ မောင်ငံအုပ်ကြီး အားလုံး ခွဲတမ်းချ ဝေစားမျှစားကြတယ်။ ပြီးရင် လောင်းကစားဒိုင်က ပွဲငှားပေးတယ်။လို့ဆိုပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးသန်းထိုက်ကိုပြီးခဲ့တဲ့အောက်တိုဘာလ၂ရက်နေ့ကမြို့ပြပြောက်ကျားမွန်တော်လှန်လူငယ်တွေကကျည်ဆံတစ်တောင့်သတိပေးစာပေးပို့ခဲ့ပါသေးတယ်။

(ဓာတ်ပုံ CJ)

သူကပဲ ဆက်လက်ပြီးအဲဒီကျည်ပို့ခံရပြီးကတည်းက သူ့အနားမှာ လုံခြုံရေးချည်းပဲ အရပ်ဝတ်တွေနဲ့ ၁၅ ယောက်လောက်ရှိတယ်။ လမ်းထောင့်တို့၊ လက်ဖက်ရည်ဆိုင်တို့၊ ကွမ်းယာဆိုင်တို့ အဲ့လိုနေရာတွေမှာ သူ့လုံခြုံရေးတွေချည်းပဲ။လို့ဆိုပါတယ်။

အလားတူ မော်လမြိုင်၊ ထားဝယ်စု ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့တုန်းက အာဝါဒေးပွဲ ကို ၄ရက်ကြာ ကျင်းပခဲ့ပြီး မော်လမြိုင်မှာ အခုလို ပေါ်ပေါ်ထင်ထင် လောင်းကစားဝိုင်းတွေ ကျင်းပနေတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

(ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကြံခင်းမြို့နယ်ထွေအုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်သားသစ် မပေးနိုင်ရင် တစ်ယောက်စာအတွက် ၈၅ သိန်း တောင်း

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရက်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းခိုင်းထားပြီး မစုဆောင်းနိုင်ရင် တပ်သားသစ် တစ်ယောက်စာအတွက် ၈၅ သိန်း သွင်းခိုင်းကာ ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ပတ္တမြားမြေရောက် အမရပူရ ရဲဘော်များ (ဓာတ်ပုံသတင်း)

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) ရဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) က ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။