စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ ဒေသခံတွေဟာ ခြေလက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး နေအိမ်ခြံစည်းရိုးမှာပါ ချိတ်ဆွဲခံထားရတဲ့ မြင်ကွင်းဓာတ်ပုံတွေကို မြန်မာပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။

ယနေ့ပြုလုပ်ခဲ့သည့် ပရိတ်တရားနာပွဲ (ဓာတ်ပုံ CJ)
ယနေ့ပြုလုပ်ခဲ့သည့် ပရိတ်တရားနာပွဲ (ဓာတ်ပုံ CJ)

လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ခံခဲ့ရတဲ့သူတွေအပြင် ရွာအစပ်တွေမှာပါ မီးရှို့သတ်ဖြတ်ခံရသူတွေလည်း ရှိတယ်။ ကျေးရွာတစ်ခုလုံးလည်း မီးရှို့ဖျက်ဆီးခံထားရပြီး သုသာန်တစ ပုံစံကြီးဖြစ်နေပြီ။ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေကို ပရိတ်တရားနာ ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်လို့ စစ်ဘေးရှောင် ဒေသခံတစ်ယောက်က ပြောပါတယ်။

စီပါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာလ ၁၁ရက် နေ့ကတည်းက ဘုတလင်မြို့နယ်အတွင်း ဝင်ရောက်ကာ ဒေသခံတချို့ကို သတ်ဖြတ်နေခဲ့တာပါ။  အောက်တိုဘာလ ၁၇ ရက်နေ့မှာ စီပါကျေးရွာကိုဝင်ရောက်ကာ ဒေသခံ ၆ ယောက်ကို ကိုယ်လက်အင်္ဂါ အစိတ်ပိုင်းတွေဖြတ်တောက်ကာ လူမဆန်စွာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ဖျက်ဆီးမှုများ (ဓာတ်ပုံ CJ)
အောက်တိုဘာ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ဖျက်ဆီးမှုများ (ဓာတ်ပုံ CJ)

အကြမ်းဖက်စစ်တပ်ဟာ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်ကာ အောက်တိုဘာလ ၁၁ ရက်ကနေ အောက်တိုဘာ ၂၁ရက်အထိ ဒေသခံအရပ်သား ၂၄ ယောက်အထိ သတ်ဖြတ်ခဲ့ပြီး နယ်မြေအခြေအနေအရ ပျောက်ဆုံးနေသူ အများအပြားလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီစစ်ကြောင်းဟာ နမခ ဘက်ကို ပြန်လည်ဆုတ်ခွါသွားပြီး ဒေသခံတချို့ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ U Pyay)
0 Shares:
You May Also Like
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တော်ဝိရွာ အကြမ်းဖက်စခန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၁၃ ဦး သေ၊ ရဲအရာရှိ ၂ ဦးနှင့် စစ်သား ၁ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တော်ဝိရွာ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးပြီး ရဲအရာရှိတွေအပါအဝင် သုံ့ပန်း ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ 
Read More

စလင်းတွင် နိုဝင်ဘာလအတွင်း အရပ်သား ၃၀ နီးပါး ပေါ်တာဆွဲခံရပြီး အဆမတန် ငွေညှစ်ခံရသူ ၂ ဦးသာ ပြန်လွတ်လာ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ နိုဝင်ဘာလ တစ်လတည်းအတွင်း လူငယ် ၂၉ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၂ယောက်သာ လွတ်မြောက်ကာ ကျန်တဲ့သူတွေ စစ်သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ပြည်သူ့ညီနောင် - စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။