မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People’s Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၂၂ရက် ညပိုင်းက ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းက ရဲဒုတပ်ကြပ် ချစ်နိုင်ဦးဆိုသူဟာ G3 သေနတ် ၁လက်၊ ကျည်ဘောက်၂ခုနဲ့ ကျည်တောင့် ၉၃တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတာလို့သိရပါတယ်။

Kamma Underground People’s Defense Force အနေနဲ့ အလင်းဝင်ရောက်လာတဲ့ ချစ်နိုင်ဦးကို ဆုကြေးငွေတွေ ချီးမြှင့်ပေးခဲ့ပြီး လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

၂၂ရက် ည၉နာရီလောက်မှာ အလင်းဝင်လာတာပါ။ သူကတော့ ကျနော်တို့နဲ့လက်တွဲပြီး စစ်ကောင်စီကို ပြန်တိုက်သွားမယ်လို့ ပြောပါတယ်လို့ Kamma Underground People’s Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၀ရက်နေ့က ပခုက္ကူမြို့နယ်၊ သာကြီးတောင် ရေနံမြေရဲကင်းစခန်းကို ပခုက္ကူ၊ မြိုင်နဲ့ ပေါက်တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက ရဲတပ်ဖွဲ့ဝင်တချို့ဟာ ကမ္မမြို့ရဲစခန်းဆီ ဆုတ်ခွါနေထိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်နေ့ကလည်း ကမ္မမြို့ထဲစျေးထွက်ဝယ်တဲ့ ရဲတစ်ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ Kamma Underground People’s Defense Force (ကမ္မတပ်ပေါင်းစု) က အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ကမ္မတပ်ပေါင်းစုထံ အလင်းဝင်ရောက်လာတဲ့ ရဲဒုတပ်ကြပ် ချစ်နိုင်ဦး
0 Shares:
You May Also Like
Read More

လှည်းကူးတွင် အတုအယောင်ရွေးကောက်ပွဲအတွက် အားကျိုးမာန်တက် စည်းရုံးပေးနေသည့် ဇရပ်ကွင်းရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ၊ ပျူ ၂ ဦး လွင့်သွား

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အရပ်သားတွေကို အတုအယောင် ရွေးကောက်ပွဲစိတ်ဝင်စားဖို့ အတင်းအဓမ္မ စည်းရုံးနေတဲ့ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးယူနေတဲ့ ပျူစောထီး ၂ယောက် သေဆုံးနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာလ ၁၈ရက်၊ မနေ့ညနေပိုင်းမှာ Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတပ်ဖွဲ့ဝင်တွေက ဇရပ်ကွင်းရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း ၂လုံးနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။