မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံကာ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် နေအိမ်အစားထိုးဆောက်လုပ်ရေးအပြင် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံက သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၂ရက် ညပိုင်းကစလို့ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးကာ ယောချောင်း၊ ကျောချောင်းအစပ်က ကျေးရွာ၃ရွာ ရေနစ်မြုပ်ပြီး နေအိမ်၁၁လုံး ရေထဲမျောပါခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ထပ်မံမျောပါနိုင်ခြေရှိတဲ့ နေအိမ် ၃၃လုံးက မိသားစုတွေကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့ထားရတယ်လို့ ပြောပါတယ်။

၂၂ရက်နေ့၊ ည ၁၁လောက်က မိုးစရွာတယ်။ သည်းသည်းမဲမဲ ရွာနေရာကနေ တောင်ကျရေတွေ တရှိန်ထိုးဆင်းလာပြီး အိမ်တွေမျောကုန်တာပါ။အခုတော့ ပေါက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ က အခွန်ကောက်ခံရရှိတဲ့ လူသားစာနာဌာန အခွန်တမ်းထဲက နေအိမ်မျောပါအိမ်ထောင်စုတစ်စုကို ၁သိန်းခွဲကျပ်စီနဲ့ ရွေ့ပြောင်းထားရတဲ့ အိမ်ထောင်စုတွေအတွက်တော့ တစ်စုကို ၅သောင်းကျပ်စီ အရေးပေါ် ထောက်ပံ့ပေးထားပါတယ်။လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရေဘေးဒုက္ခကြုံခဲ့ရတဲ့သူတွေကို ပေါက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနပေါက်မြို့နဲ့အတူ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ အရပ်သားပြည်သူတွေက ဝိုင်းဝန်းကယ်ဆယ်ထောက်ပံ့ထားတာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

လက်ရှိမှာ ရေဘေးသင့်ခဲ့တဲ့ ရှခွကြီး၊ ဆူးလေကုန်းနဲ့ မုံတောရွာတွေက အိမ်ထောင်စု ၄၂စုစာအတွက် ယာယီတဲ တွေ ဆောက်လုပ်ပေးဖို့ အကူအညီတွေလိုအပ်နေတယ်လို့လည်း ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရေကြီးမှုမတိုင်ခင် အောက်တိုဘာ ၂၁ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းအနီးမှာ ပြည်သူ့စစ်တွေ မိုင်းဆွဲခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၄ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ယာကြီးပြင်ပြည်သူ့စစ်ရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

တိုက်ပွဲတွေက မကြာခဏ ထိတွေ့ဖြစ်နေတယ်ဗျ။ ဖုန်းလိုင်းကလည်း ရတဲ့အခါမှရတယ်။ ကပစ ၂၄ ကလည်း နေ့တိုင်းနီးပါး လက်နက်ကြီးထုတယ်ဗျ။ လက်နက်ကြီးကျလို့ တနေ့ကတောင် နွားတစ်ကောင်သေပါသေးတယ်။ မုံတောရွာဆို ပြီးခဲ့တဲ့ ၂လပိုင်းတုန်းက လက်နက်ကြီးကျပြီး ၆ နှစ်အရွယ် ကလေးတစ်ယောက်ဆုံးခဲ့သလို ၁၁နှစ်အရွယ် ကလေး၁ယောက်လည်း ဘယ်ဘက်ဒူးအောက်ပိုင်း ဖြတ်ထားရပါတယ်။ နောက်ထပ် အသက်၆၀အရွယ်လူကြီး ၂ယောက်လည်းထိခိုက်ထားပါတယ်။လို့ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရသူတွေကို CDF – Mindat ရဲ့ စစ်ဦးစီးချုပ် လိုက်လံကြည့်ရှုအားပေးခဲ့…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) ရဲ့ စစ်ဦးစီးချုပ်က လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ CDF - Mindat က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေးမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွား၊ စစ်ကောင်စီဘက်က ဗိုလ်အပါ ၇၀ နီးပါး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကခ - ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင်  ၇၀ နီးပါး ‌သေဆုံး​ကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။