စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာ ၂၆ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက်ကာဘိုကျေးရွာအနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Dragon Urban Guerrilla၊ ရွှေဘိုခရိုင်တပ်ရင်း() Fire Dragon (Khin U)၊ ခင်ဦးမြို့နယ် တိုက်နယ်()ပကဖနဲ့ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်ပကဖ အဖွဲ့တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင်အတွင်း ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ Y-12 လေယာဉ်တွေနဲ့ ၁၂၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချ တိုက်ခိုက်နေတယ်လို့ Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းမြို့ရှိ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။