ရေဦးမြို့ အဝင်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ရေဦးမြို့အဝင် အရှေ့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ၄ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံက သိရပါတယ်။စစ်ဆေးရေးဂိတ်ဘန်ကာအနီးကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ပစ်ခတ်ခဲ့တဲ့ အတွက် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်တဲ့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
— Previous article
မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..
Next article —
ကြို့ပင်ကောက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာသားတွေကိုပါ PDF တွေ ကယ်တင်ထား...
You May Also Like
ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)
- January 27, 2025
စစ်ကိုင်းတိုင်းအတွင်း ကြေးနီသယ်ယာဉ်တွေနဲ့အတူ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သုံး ယာဉ်တွေ မုံရွာမြို့က နေ ထွက်ခွာလာတဲ့ သတင်းအရ ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ မိုင်း ဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
ပုသိမ်-မုံရွာလမ်းပိုင်းမှာ သံချပ်ကာယာဉ် ၂ စီးနဲ့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)
- April 22, 2025
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)
- November 30, 2025
အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)
- December 2, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)
- September 29, 2025
အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တရုတ်ဘုံကျောင်းရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တစ်ကိုယ်တော်ဆန္ဒပြ (ရုပ်သံ)
- February 1, 2025
အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ပေါ်ပေါ်ထင်ထင် ထောက်ခံမှုတွေ ပြုလုပ်လာချိန်၊ စစ်အာဏာသိမ်း ၄ နှစ်ပြည့်မြောက်ချိန် ဒီကနေ့မှာ ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတစ်ခုရှေ့မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "It has been 4 years since the military staged the coup! " စာတမ်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်ရဲ့အာဏာသိမ်းခဲ့တာ ၄ နှစ်ရှိပြီဖြစ်ကြောင်း နှိုးဆော်အသိပေး တစ်ကိုယ်တော်ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။