ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ညဥ့်နက်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ဒိုးတန်းကျေးရွာထဲ ရှိနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းဖျက် ဂျမ်မာတွေကို တော်လှန်ရေးတပ်တွေက သွားရောက်ဖျက်ဆီးဖို့ ကြိုးစားရင်း စစ်ကောင်စီ ရှေ့ကင်းပွိုင့်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့သိရပါတယ်။
နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီက ၁ယောက်သေကာ ၁ ယောက်ထိခိုက်ဒဏ်ရာရပြီး ဂျမ်မာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ရာ ဒိုးတန်းရွာလယ်ပိုင်းကနေ သူတို့တပ်စွဲရာ ကျေးရွာဘုန်းကြီးကျောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားကြပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒိုးတန်းကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူ ၁ ယောက် ‌ဦးခေါင်းထိမှန်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဒိုးနွယ်ရွာမှာ အင်အား ၅၀ ပါအကြမ်းဖက်စစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းထိတွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စေတုတ္တရာမှာ စစ်အုပ်စုတွေက ရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေလို့ ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရ

မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ကျန်းမာရေးစောင့်ရှောက်မှု မရရှိလို့ စစ်အာဏာသိမ်း ကာလအတွင်း အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့ရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူ ၁၀၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

ဆောထိမြို့နယ်ထဲက အရပ်သားနေအိမ်တွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲပြီး ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်တိုက်ခိုက်

KNU ထိန်းချုပ်ထားတဲ့ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ ဆောထိမြို့နယ်အတွင်း အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ယောက်ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။