မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၄ ရက်က Fixedwing ဒရုန်း ၄ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
မနက်ပိုင်းမှာ ဗုံးသီး ၁၀ လုံး၊ ညနေပိုင်းမှာ ဗုံးသီး ၅ လုံး ကြဲချပြီး စစ်ကောင်စီလက်အောက်ခံ တွေတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
”ကင်းထောက်ဒရုန်းမရှိတဲ့အတွက် ရွာအနီးကို ဖုန်းနဲ့ သွားရိုက်တာ နေအိမ်တစ်လုံး မီးခိုးထွက်လာပြီး အော်သံတွေ ကြားနေရတယ်”လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ရဲဘော်က မောင်းကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရဲဘော်ညီနောင်ပြောက်ကျားတပ်၊ BlackTiger -Myingyan၊ ဧရာဝတီမင်း သားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နဲ့ NY Local PDF အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တိုက်ပွဲပြန် KIA၊ KPDF၊ NPDF တွေကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲကပြန်လာတဲ့ KIA၊ KPDFနဲ့ NPDF တွေကို ဒီဇင်ဘာ ၁၂ ရက်က ပြည်သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ နွေဦးရောင်နီ ပြည့်သူ့တော်လှန်ရေး ထောက်ပို့ PRFမှ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဖလမ်းမြို့ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီ‌နောင် သိမ်းပိုက်ထားမှုမြင်ကွင်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၂ ရက်က ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် MRTV အသံလွှင့်တာဝါတိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) တပ်စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။