ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် မနက်အစောပိုင်းမှာ အဆိုပါ ဥယျာဥ်ကြီးရွာထိပ်ကို အကြမ်းဖက်စစ်ကြောင်းရောက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေက အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ အခုတော့ စစ်ကြောင်းက ရိုးချောင်းအုပ်စုရွာမှာရယ် ဥယျာဉ်ကြီးရွာမှာရယ် အထိုင်ချတပ်ဆွဲနေပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ပြည်သူတွေကို ကယ်နိုင်သလောက် ကယ်ခဲ့ပါတယ်။ ကယ်ထားတာ ပြည်သူ အယောက် ၂၀၀ ဝန်းကျင်လောက်ရှိနေပါတယ်။ “ BTZM GBK PDF တပ်ခွဲမှူး ရဲဘော်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲဒီနောက် အေးရွာလေးရွာထိပ် တော်လှန်ရေးတပ်တွေရဲ့ ကင်းအဖွဲ့နဲ့ ဥယျာဉ်ကြီးရွာထိပ်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ရိုးမညီနောင်မဟာမိတ်တပ်ပေါင်းစု တပ်ရင်း ၃၈၀၂ တပ်ခွဲ (၁) Dragon Brothers၊ တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ (၁) YOMA GBK တပ်ဖွဲ့၊ BTZM GBK PDF တပ်ဖွဲ့တို့ကနေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ဒရုန်းလေးတွေနဲ့ပါ တိုက်ခိုက်တာကြောင့် တော်လှန်ရေးတပ်တွေက ပြည်သူတွေကို ဘေးကင်းရာ ခေါ်ဆောင်ပြီး ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းမှ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပန အခမ်းအနား (ဓာတ်ပုံသတင်း)

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။