စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ မြို့ပြပေါ်က လူငယ်တွေကို အတင်းအဓမ္မတပ်သားသစ်အဖြစ် စုဆောင်းနေတာကြောင့် ဒီအခြေအနေကို ရှောင်လွှဲလိုတဲ့ လူငယ်တွေအတွက် အထူးအခွင့်အရေးဖြစ်တယ်လို့လည်း Yangon Federal Army က ဆိုပါတယ်။

ပြည်သူလူထုအတွက် မိမိအသက်ကို စွန့်လွှတ်စွန့်စားလိုတဲ့ လူငယ်တွေကို Yangon Federal Army ( Y.F.A ) က ကြိုဆိုနေပြီး Yangon Federal Army ( Y.F.A ) မှာ မိမိတို့ အရည်အချင်းနဲ့ ကျွမ်းကျင်ရာအလိုက် ခေါ်ယူနေတယ်လို့ ထုတ်ပြန်ပါတယ်။

Yangon Federal Army ( YF.A ) မှာ အထူးကွန်မန်ဒိုတပ်သား၊ ဆေးတပ်သား၊ လက်နက်ကြီးတပ်သား၊ Drone တပ်သား၊ ထောက်ပို့နဲ့ Media တပ်သား၊ ရုံးဝန်ထမ်း စသဖြင့် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

ရဲဘော်အသစ်တွေကို အခြေခံစစ်ပညာသင်တန်း တစ်လခွဲအပြင် မွမ်းမံသင်တန်းတွေအဖြစ် ကွန်မန်ဒိုသင်တန်း၊ ဒရုန်းသင်တန်း၊ စနိုက်ပါနဲ့ လက်နက်ကြီးသင်တန်း၊ မြို့ပြတိုက်ခိုက်ရေးသီးသန့်သင်တန်းတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ Telegram Acc – @ThuRainYFA ကို လာရောက်ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။
Read More

မတူပီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးများကို CDF မတူပီကဖောက်လုပ်နေ (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(တပ်မဟာ-၁) CDF-MATUPI (Brigade-1)အနေဖြင့် မတူပီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမများ၊ရွာချင်းဆက်လမ်းများကို အကောင်ထည်ဖော်ဖောက်လုပ်/ပြုပြင် လျှက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်က စစ်ကောင်စီတပ်ရဲ့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေပြီး ၄ ယောက် အရှင်မိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် - သရက်ချောင်းလမ်းပိုင်းပေါ်က စစ်ကောင်စီတပ် ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေပြီး ၄ ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဇန်နဝါရီလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။