စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။
အောက်တိုဘာလ ၂၆ ရက် ဒီနေ့မွန်းလွဲပိုင်းက ရေဦးမြို့ အရှေ့တောင်ဘက်မှာရှိတဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်ကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်တဲ့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့တွေ လက်နက်ကြီး (၄) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” ကျနော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ဒီကောင်တွေရဲ့ ဘန်ကာနားကို ကျခဲ့တယ်လို့သိရပါတယ်။ အထိအခိုက်သတင်းတော့စုံစမ်းနေဆဲပါ။” လို့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြာရေးတာဝန်ခံ ရဲဘော်မဲလုံးကမောင်းကိုပြောပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကလည်း တော်လှန်ရေးတပ်တွေရှိရာဆီ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာမျိုးတွေရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
” ဒီကောင်တွေ ရေးဦး မြို့အဝင် မကြီးတောရပ်ကွက်မှာ အင်အား၁ရာလောက်နဲ့ အိမ်ထောင်စုစာရင်း လိုက်ကောက်နေကြတုန်း ကျနော်တို့ မြို့အဝင်ဂိတ်ကိုတိုက်ခိုက်ခဲ့တာပါ။” လို့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြာရေးတာဝန်ခံ ရဲဘော်မဲလုံးက ပြောပါတယ်။
ပုံစာ – Wolf Guerrilla LDF Ye.U Air Force အဖွဲ့ဝင်တွေ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ဖို့ ပြင်ဆင်ထားချိန်…
0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက လားရှိုးမြို့ကို ၂ လအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။