ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ညဥ့်နက်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ဒိုးတန်းကျေးရွာထဲ ရှိနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းဖျက် ဂျမ်မာတွေကို တော်လှန်ရေးတပ်တွေက သွားရောက်ဖျက်ဆီးဖို့ ကြိုးစားရင်း စစ်ကောင်စီ ရှေ့ကင်းပွိုင့်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့သိရပါတယ်။
နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီက ၁ယောက်သေကာ ၁ ယောက်ထိခိုက်ဒဏ်ရာရပြီး ဂျမ်မာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ရာ ဒိုးတန်းရွာလယ်ပိုင်းကနေ သူတို့တပ်စွဲရာ ကျေးရွာဘုန်းကြီးကျောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားကြပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒိုးတန်းကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူ ၁ ယောက် ‌ဦးခေါင်းထိမှန်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဒိုးနွယ်ရွာမှာ အင်အား ၅၀ ပါအကြမ်းဖက်စစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းထိတွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော် ပိတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေ စစ်ကောင်စီ ပြန်ဖွင့်

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်ထားကြောင်း ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။
Read More

ထိုင်းလွှတ်တော်နဲ့ WHO ပူးပေါင်းပြုလုပ်တဲ့ ကွန်ဖရန့်ကို CRPH တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့  နိုင်ငံတကာ ပါတီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ WHO တို့ ပူးတွဲပြုလုပ်တဲ့ Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တက်ရောက်ခဲ့ပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ စစ်အုပ်စုက ဇီးကုန်းတိုက်နယ် ရွာ ၃ရွာကို ထပ်မံမီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရခိုင်ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်တွေကို အကြမ်းဖက်စစ်တပ်ဂိတ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

ဧရာဝတီတိုင်းထဲက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ်တွေက ကားလမ်းတွေပေါ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်တွေ ဝင်လာတယ်ဆိုပြီး ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေက နိုဝင်ဘာလ ၂၁ရက် ဒီနေ့ မနက်…