ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ်စီးနင်းလာသူမှာ အသက်၂၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ကလေးငယ်ပါ နေရာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မြဝတီက လူမှုကယ်ဆယ်ရေးကားနဲ့ ဆေးရုံကြီးကိုသယ်သွားပြီ၊ ဝင်တိုက်တဲ့ကားက တိုက်ပြီး မောင်းပြေးသွားတာ၊ အောက်တိုဘာလ ၂၆ ရက် ဒီနေ့မနက် ၁၀ နာရီခြဲ ကျော်ကဖြစ်သွားတာပါ၊ ကားကိုကြမ်းကြမ်းတမ်းတမ်း မောင်းတာဆိုလို့ အကြမ်းဖက်စစ်တပ်နဲ့ BGF တွေပဲရှိတာလေ၊ အနီးနားက မြင်ရတဲ့သူတွေကတော့ BGF တွေလို့ပြောတယ်” လို့ မြဝတီမြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီးလို့ သိပ်မကြာခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတွေ ရောက်လာပြီး စစ်ဆေးတာတွေ လုပ်သွားတယ်လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။
မြဝတီမြို့က လက်ရှိအချိန်မှာ BGF တပ်တွေနဲ့ အကြမ်းဖက်စစ်တပ်ပူးပေါင်းပြီး လုံခြုံရေးယူထားတာဖြစ်သလို မြို့တွင်း ကင်းလှည့်တာနဲ့ ဂိတ်ဖွင့်ပြီး ပြည်သူတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေကာ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေး တံတားရဲ့ မြန်မာဘက်အခြမ်းက ရဲကင်းကိုလည်း BGF တပ်တွေ လုံခြုံရေးယူထားတယ်လို့ မြဝတီမြို့နေထိုင်သူတွေဆီက သိရပါတယ်။
ပုံစာ- BGFတပ်ဖွဲ့ဝင်အချို့မြဝတီမြို့တွင် ကင်းလှည့်နေစဉ်((ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ် မတတ်သာဘဲ လက်လွှတ်ခဲ့ရမှုအတွက် အနူးအညွှတ်တောင်းပန်ကြောင်း ဗိုလ်ချုပ် တာဘုန်းကျော် ပြောကြား

နွေဦးတော်လှန်ရေးအတွင်း အကောင်းဆုံးပေးဆပ်ခဲ့ပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ အကြမ်းဖက်စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အတွက် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း တအာင်းတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။