မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းမှာ ထီးလင်းမြို့နယ်၊ ရွှေထိီးခန်းမကနေထွက်လာလာတဲ့ အင်အား၈၀ပါ အကြမ်းဖက်စစ်​ကြောင်းဟာ ကျားခဲရွာကို သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းရင်း အသက် ၄၀ အရွယ် ရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ကာ ထွက်ပြေးသူ ၁ ယောက်ကိုတော့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။
” ဒီမနက် ၄နာရီခွဲလောက်မှာ ထီးလင်းကနေ ခြေလျင်နဲ့ဆို ၄ မိုင်လောက်လျှောက်ရတဲ့ ကျားခဲရွာကို စစ်ကြောင်းဝင်တယ်ပေါ့နော်။ ရွာအဝမှာပဲ ယောကျာ်းသား ၄ယောက်ကိုဖမ်းပြီးအရှင်လတ်လတ်မီးရှို့သတ်တယ်။ နောက်ပြီးထွက်ပြေးတဲ့၁​ယောက်ကိုတော့ပစ်သတ်ပါတယ်။ ၇ နာရီလောက်ကျသူတို့စစ်​​​ကြောင်းပြန်ဆုတ်ပါတယ်။” လို့ YRA ထီးလင်း အဖွဲ့ခေါင်းဆောင် သခင်ဇော် က မောင်းသတင်းဌာနကို ပြောပါတယ်။
ကျားခဲရွာကို ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မီးရှို့သတ်ဖြတ်ခဲ့တာတွေအပြင်အားမရသေးပဲ ရွာသား ၃ ယောက်ကိုပါ ထီးလင်းမြို့အထိ ဓားစားခံအ​ဖြစ်ဖမ်းဆီးခေါ်ဆောင်​သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းမှာလည်း တော်လှန်ရေး တပ်တွေထောင်ထားတဲ့မိုင်းတွေ နင်းမိလို့ ထိခိုက်သေဆုံးမှုတွေရှိပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ထီးလင်းမြို့နယ်၊ ရွှေထီးခန်းမထဲ ပြန််လည်ရောက်ရှိနေပြီလို့လည်း ယောအလင်းတန်းအဖွဲ့ကပြောပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် KNDO တပ်ပေါင်းစုမှ စစ်ကြောင်းမှူးကျဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက တန်းရှင်းရွာမှာ စစ်ကော်မရှင်တပ်နဲ့ KNDO တပ်ပေါင်းစုတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကြောင်းမှူးတစ်ယောက် ထိမှန်ကျဆုံးသွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေးရသည့် ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံမှု စစ်သား ၃ ဦး သေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ မတိုးတက်ရခြင်းမှာ လက်နက်ကိုင်အဖွဲ့များနှင့် ထောက်ခံသူများကြောင့်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပြစ်တင်ပြောဆိုပြန်

မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စဉ်းစားတွေးခေါ်မှု အားနည်း​ခြင်းနဲ့ သူတို့ကို အားပေးထောက်ခံသူတွေရဲ့ အသိဉာဏ်နည်းပါးတာတွေကြောင့် တိုင်းပြည် အောင်မြင်သင့်သလောက် မအောင်မြင်၊ မတိုးတက်ရတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင် ပြောဆိုလာပြန်ပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ကနေဒါနဲ့ ဆွစ်ဇာလန်တို့ကို ကြိုဆို အသိအမှတ်ပြုကြောင်း NUG ပြော

အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုအသိအမှတ်ပြုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။