တိုက်ခန်းအမြင့်ပေါ်က ကလေးငယ်ကို ကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို စင်ကာပူနိုင်ငံက ဆုချီးမြှင့် (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စင်ကာပူနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်က တိုက်ခန်းအမြင့်အစွန်းမှာ ရောက်နေတဲ့ ကလေး ငယ်ကို ကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသား အလုပ်သမား ဆေးသုတ်သမား ကိုစသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir တို့ကို စင်ကာပူအာဏာပိုင်တွေ ဆုချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။ကလေးငယ်ဟာ တိုက်ခန်းရဲ့ ၃ လွှာအမြင့်အစွန်းမှာ ရောက်ရှိနေပြီး ယင်းအခြေအနေကို မြင် တွေ့တဲ့ ကိုစသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Jahir တို့ ပူးပေါင်းကာ Jahir က ကိုစသူရအောင်ကို အမြင့်ကို ထမ်းတင်ပေးခဲ့ကာ ကလေးငယ်ကို ကယ်တင်ခဲ့ကြတယ်လို့ သိရပါတယ်။အောက်တိုဘာ ၂၅ ရက်နေ့မှာ စင်ကာပူအာဏာပိုင်တွေက ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ မြန်မာ နိုင်ငံသား စသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- နေလင်း၏ ပြောကြားချက် (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြောင်း စစ်သုံ့ပန်း စစ်ကောင်စီဗိုလ်ကြီး ဝန်ခံ (ရုပ်/သံ)

ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းဗိုလ်ကြီး အောင်ကျော်ဇင်ဆိုသူဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်၊ ကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွေသယ်ဆောင်ပြီး ထွက်လာတဲ့ တွဲကား ၂၃ စီးကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ Jummer ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက ဟောင်ဝှစ်ဇာအမြောက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက  ဟောင်ဝှစ်ဇာအမြောက် ၁ လက်ကို KNU လက်အောက်ခံ KNLA တပ်မဟာ(၅) က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။