စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်ထံ တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကိုင်းဒေသအတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ၂၀၂၀ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားအင်အားစုများ၊ လေးစားယုံကြည်ခံရသူများနှင့် သပိတ် အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေနွေးခဲ့ကာ ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ လွှတ်တော်အစည်းအဝေးခေါ်ယူကာ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင်ကို အောင်မြင်စွာ အတည်ပြုဖွဲ့စည်းပြီး အဆိုပါကော်မရှင်က ရေးဆွဲခဲ့တဲ့ မူကြမ်းကို ၈လအကြာမှာ လွှတ်တော်ကို တင်သွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီကို အံတုနေတဲ့ စစ်ကိုင်းတိုင်းအတွက် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေအတွက် အ​ခြေခံဥပဒေ (မူကြမ်း) သက်ဝင်လာတော့မှာလည်း ဖြစ်ပါတယ်။
ကော်မရှင်တွင်ပါဝင်တဲ့ အဖွဲ့ဝင်(၅၇)ဦးက စုပေါင်းညီညွှတ်စွာ ကြိုးစားအားထုတ်နိုင်ခဲ့မှုကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား ကြားကာလဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၃)အရ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းအပ်နှံ နိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများ နှင့်အညီ မဆောင်ရွက်မှီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဒေသအတွင်း တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေတဲ့ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအားပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်များကိုပါ ရယူသွားဦးမယ်လို့ သိရပါတယ်။
Photo – စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ပုံဟောင်းကိုအသုံးပြုထားခြင်းဖြစ်ပါသည်။
0 Shares:
You May Also Like
Read More

အုတ်ဖိုတွင် ရွေးကောက်ပွဲ မဲထည့်ရန် ဖိအားပေးနေသည့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ပြည်သူတွေကို ဖိအားပေးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သံတွဲမြို့နှင့် ဂွမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။