စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၁ ရက် ကနေ ၁၅ ရက်အတွင်း နိုင်ငံတဝန်းမှာ ပြည်သူ ၇၂ ဦး အထိ သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သေဆုံးခဲ့ရတဲ့ ပြည်သူ ၇၂ ဦးထဲမှာ အမျိုးသမီး ၃၇ ဦး နဲ့ အမျိုးသား ၃၅ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အရေအတွက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦးပါဝင်တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ဒုတိယမြောက်အများဆုံးက စစ်ကိုင်းတိုင်းကပဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ မြေပြင်ထိုးစစ်မာ တော်လှန်ရေး အင်အားစုတွေကို မယှဉ်နိုင်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုတွေကို အလွန်အကျွံအသုံးပြုလာတယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ် အညာဒေသက မြို့ရွာတွေကို နေ့စဉ်လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမြောက်ဒေသက မြို့ရွာတွေကို စစ်ကောင်စီဟာ နေ့စဉ်ရပ်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး တစ်ရက်ထဲမှာပင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ကနေ ၃ကြိမ်ထက်မနည်း တိုက်ခိုက်မှုတွေတောင်ပြုလုပ်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

မြို့မငြိမ်း ရေးစပ်ခဲ့သည့် ဂန္တဝင်မြောက် “လူချွန်လူကောင်း” သီချင်းကို ပါတီမဲဆွယ်ဖို့ အသုံးပြုခြင်းအား မြို့မငြိမ်းမိသားစု ကန့်ကွက်ကြောင်း ကြေညာ

အလင်္ကာကျော်စွာဘွဲ့ရ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ ဂန္တဝင်မြောက် "လူချွန်လူကောင်း" သီချင်းကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက မဲဆွယ်စည်းရုံရာမှာ ရောင်းချအသုံးပြုစေမှုကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ကရင်တစ်မျိုးသားလုံးအတွက် သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာလို့ သူရဘွဲ့ရ ဗိုလ်ဒါဘော ပြော

စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးလုပ်နေတာဟာ ကရင်တစ်မျိုးသားလုံးအတွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောကိုကို (ခေါ်) စောဒါဘောက ပြောဆိုလိုက်ပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်း မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးနှင့် ဒုတပ်ကြပ် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်က ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။