အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလ (၃) လကြာမြင့်ခဲ့တဲ့ အဲ့ဒီသင်တန်းမှာ အခြေခံစစ်ပညာရပ်တွေ၊ ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွေ၊ နိုင်ငံရေး၊ စစ်ရေးဘာသာရပ်တွေနဲ့ လူထုအခြေပြု ကူညီကယ်ဆယ်ရေး စတဲ့ ဘာသာရပ်တွေကိုပါ စာတွေ့၊ လက်တွေ့ သင်တန်းပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ ပကဖရဲဘော်တစ်ယောက် လုပ်ဆောင်လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သင်ကြားပို့ချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်-RMA နှင့် TNLA တို့ မဟာမိတ်အဖြစ် ပူးပေါင်းတော်လှန်မည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “ရာမညမွန်တပ်တော်- RMA” နဲ့အတူ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ထီးခီးဗျူဟာစခန်းကို KNLA၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

သထုံတွင် မဲရုံထဲ ဖုန်းယူသွားမိသူ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက် မနေ့က မဲသွားပေးရင်း မဲရုံထဲ ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

PDF သင်တန်းတက်ရောက်သူတွေဆိုပြီး မအူပင်မြို့မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၉ယောက် ညှင်းပန်းနှိပ်စက်ခံရပြီး ၁ယောက် သေဆုံး

“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”
Read More

ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တစ်ရပ် ကျင်းပပေးမယ်လို့ ပြောပြန်

မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။