ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ညဥ့်နက်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ဒိုးတန်းကျေးရွာထဲ ရှိနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းဖျက် ဂျမ်မာတွေကို တော်လှန်ရေးတပ်တွေက သွားရောက်ဖျက်ဆီးဖို့ ကြိုးစားရင်း စစ်ကောင်စီ ရှေ့ကင်းပွိုင့်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့သိရပါတယ်။
နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီက ၁ယောက်သေကာ ၁ ယောက်ထိခိုက်ဒဏ်ရာရပြီး ဂျမ်မာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ရာ ဒိုးတန်းရွာလယ်ပိုင်းကနေ သူတို့တပ်စွဲရာ ကျေးရွာဘုန်းကြီးကျောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားကြပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒိုးတန်းကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူ ၁ ယောက် ‌ဦးခေါင်းထိမှန်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဒိုးနွယ်ရွာမှာ အင်အား ၅၀ ပါအကြမ်းဖက်စစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းထိတွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက ရာနှုန်းပြည့်နီးပါး စိုးမိုးထားနိုင်တဲ့ မုဒုံမှာ ရွှေဆိုင်လုယက်ခံရပြီး ဆိုင်ရှင် ပစ်ခတ်ခံရကာ သေဆုံးခဲ့

“သေနတ်သမားက ၁ ယောက်ထဲပဲ။ ဦးထုပ်အမဲ မျက်မှန်အမဲနဲ့၊ သေနတ်က ၃ချက်ပစ်လိုက်တာ… ရွှေတွေတော့ မပါသွားဘူးလို့ သိရပါတယ်” လို့ အမည်မဖော်လိုတဲ့ မုဒုံမြို့ခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ရွှေ၊ ရေပူကျေးရွာကို စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။