ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ညဥ့်နက်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ဒိုးတန်းကျေးရွာထဲ ရှိနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းဖျက် ဂျမ်မာတွေကို တော်လှန်ရေးတပ်တွေက သွားရောက်ဖျက်ဆီးဖို့ ကြိုးစားရင်း စစ်ကောင်စီ ရှေ့ကင်းပွိုင့်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့သိရပါတယ်။
နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီက ၁ယောက်သေကာ ၁ ယောက်ထိခိုက်ဒဏ်ရာရပြီး ဂျမ်မာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ရာ ဒိုးတန်းရွာလယ်ပိုင်းကနေ သူတို့တပ်စွဲရာ ကျေးရွာဘုန်းကြီးကျောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားကြပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒိုးတန်းကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူ ၁ ယောက် ‌ဦးခေါင်းထိမှန်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဒိုးနွယ်ရွာမှာ အင်အား ၅၀ ပါအကြမ်းဖက်စစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းထိတွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသက PDF တွေဆီ စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ ကို ‌စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးဖြူကုန်းပျူရွာ တိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း-၆ က ဒုတပ်ရင်းမှူးအပါ ၄ ဦးကျဆုံး …

"စခန်းကလည်းအခုချိန်ထိ မသိမ်းနိုင်ခဲ့ဘူး၊ ဒုတပ်ရင်းမှူးက စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့တာမို့လေ၊ စစ်ကြောင်းမှူးကိုယ်တိုင်ကျတယ်ဆိုတော့ ပြန်ပြီးတော့ ဆုတ်လာရတာ… ကျတဲ့ရက်ညနေမှာ ပြန်ဆုတ်တာ သံပြားကာထားတဲ့ဘတ်ဖိုးတစ်စီးပါ ရွာအနီး ဘန်ကာမှာကျန်ခဲ့တာ ဘတ်ဖိုးမောင်းတဲ့လူပါ သေတယ်၊ ဘတ်ဖိုးသမားလည်းရဲဘော်ပါပဲ" လို့ ၄င်းက မောင်းကိုဆက်ပြောပါတယ်။
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

သေဆုံးသူ မြင့်ဆွေအတွက် ကျန်ရစ်တဲ့ စစ်အုပ်စု ဝမ်းနည်းခြင်းကာလ သတ်မှတ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။