ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

People’s Police Force-Zoland နဲ့ PDF Zoland တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၂ ရက်ကနေ အောက်တိုဘာလ ၂၃ ရက်အထိ ၂ ရက်အတွင်းမှာ တီးတိန်မြို့နယ်ထဲ စိုက်ပျိုးထားတဲ့ ဘိန်းခင်းဧက  ၂၀  ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Zoland Voice TV)

ဘိန်းစိုက်သူတွေအနေနဲ့ မစိုက်ပျိုးကြဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာမှုမရှိတာကြောင့် အခုလို ဖျက်ဆီးရတာဖြစ်တယ်လို့ သိရပါတယ်။

PPF/PDF-Zoland က သိရှိထားတဲ့ တခြားဘိန်းစိုက်ပျိုးတဲ့နေရာတွေကို ဘိန်းကင်းစင်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဘိန်းအများဆုံး ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမ နိုင်ငံအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ မြန်မာ ဘိန်းစိုက်တောင်သူတွေ ၇၅ ရာခိုင်နှုန်း ပိုမိုဝင်ငွေရရှိလာသလို ဘိန်းပန်း ပျှမ်းမျှတစ်ကီလို ဒေါ်လာ ၃၅၅ ဒေါ်လာခန့်ရှိပြီး ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၁၀၀ ကနေ ၄၇၀၀၀ ဟက်တာအထိရှိတာကြောင့် တစ်နှစ်ထက် တစ်နှစ် ၁၈ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Zoland Voice TV)
(ဓာတ်ပုံ Zoland Voice TV)
0 Shares:
You May Also Like
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

၇ လအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦးနှင့် ဗိုလ် ၁ ဦးအပါ ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ထုတ်ပြန်

၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။