အမှတ် () စစ်ဒေသ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်ပြည်သူ့ကာကွယ်‌ရေး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီး () ဇော်ရဲမှူး ရဲ့ နာရေးစျာပနကို အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၁၁ထံက သိရပါတယ်။

ဗိုလ်မိုက်တီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုဆန္ဒပြပွဲတွေမှာ ဦးဆောင်ဦးရွက်ပြုခဲ့သူ တစ်ယောက်ဖြစ်ပြီး ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းရဲ့ အခြေခံတပ်ဖွဲ့ဖြစ်တဲ့ ကျားသစ နက်တပ်ဖွဲ့ ဖွဲ့စည်းတည်‌ထောင်စဉ်ကလည်း ပါဝင်ခဲ့တဲ့ ခေါင်း‌ဆောင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာလည်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ကို ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့သူဖြစ်ပြီး သူ့ကို ဆုံးရှုံးခဲ့ရမှုဟာ နွေဦးတော်လှန်ရေးအတွက် များစွာဆုံးရှုံးနစ် နာရမှုဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သိန္နီမြို့ ဓာတ်ဆီဆိုင်မီးလောင်မှု ရဲဝန်ထမ်းအင်အား တစ်ဝက်နှင့် ငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၁၁ နာရီခန့်က မြို့ဦးဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ် MNDAA သတင်းပြန်ကြားရေး The Kokang ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ငွေတွင်းပျူစခန်း ကင်း ၂ ခုကို တော်လှန်တပ်တွေ စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့နယ်အတွင်း တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့် ရှိသူ ဆီက သိရပါတယ်။ 
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်အိမ်တောင် စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေ၊ အများအပြားဒဏ်ရာရကာ ပြန်ဆုတ်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။