ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် () ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ PSLF/TNLA ရဲ့ ရဲချုပ် ဗိုလ်မှူးကြီး တားကုန်ခရီး၊ ဒုရဲချုပ် ဗိုလ်မှူး တားကုန်းနော၊ ဒုခရိုင်မှူး တားတံင်မျံမ်နဲ့ သင်ကြားပေးမယ့်ဆရာတွေ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA ရဲချုပ် တားကုန်ခရီးကတရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေးအရာရှိသင်တန်း)တက်ရောက်ပြီး တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်သွားဖို့၊ ချမှတ်ထားတဲ့ ဥပဒေတွေကို မိမိတို့ကိုယ်တိုင်လိုက်နာမှုရှိအောင် ကြိုးစားသွားကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားဖို့လိုအပ်ကြောင်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်းကာလအနေနဲ့ ()လကျော်ကြာမြင့်မှာဖြစ်ပြီး ဘာသာရပ်ပေါင်း ၁၀ ခုကို ကျွမ်းကျင်ပြီးဆရာတွေက သင်ကြားပို့ချသွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ အမှုစစ်ဆေးခြင်းဆိုင်ရာ ပညာတွေ၊ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သွားမယ့်အချက်တွေ၊ ရာဇသတ်ကြီး၊ တရားမျှတမှုဆိုင်ရာတွေ၊ သက်သေခံဥပဒေတွေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေနဲ့ အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်တွေ သင်ကြားပေးသွားမယ်လို့ TNLA က ဆိုပါတယ်။

TNLA ရဲ့ သင်တန်းမှာ သင်တန်းသား ၂၇ ယောက်နဲ့ သင်တန်းသူ ၃ ယောက် စုစုပေါင်း အယောက် ၃၀ တက်ရောက်သင်ကြားသွားမှာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့် လက်ပါးစေ PNO ပြည်သူ့စစ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၁၀၀ ခန့် ထိခိုက်သေဆုံးဟု ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။