ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၂၄ ရက် ညသန်းခေါင်ဝန်းကျင်အချိန်မှာ အဆိုပါ  ပျူစောထီးဖြစ်သူကိုနွယ်ကောက်ရွာအရှေ့ဘက်ချောင်းကူးတံတားအနီးမှာရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဒလန်ကို စောင့်ကြည့်မှုရှိခဲ့ပါတယ်။ သူတို့ထွက်လာတဲ့အခါ ကျနော်တို့ စောင့်ကြည့်နေတာနဲ့ တိုးတာပါ။

ဖမ်းချင်ပေမယ့် ရုတ်တရက်အခြေအနေအရမို့ ရှင်းလိုက်ရပါတယ်။လို့သဲကုန်းမြို့နယ်ပကဖတာဝန်ရှိသူတစ်ယောက်ကမောင်းကိုပြောပါတယ်။

ပစ်ရှင်းလင်းစဉ်မှာသူနဲ့အတူအဖော်ဖြစ်သူလည်းပါပေမယ့်ဘာမှမဆိုင်တဲ့အဖော်ဖြစ်သူကိုတော့လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။

အဲဒီပျူစောထီးရဲ့ နာမည်ကတော့ ဇော်မင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်ကတည်းက တပ်မ ၆၆ (အင်းမ) ကနေပျူစောထီးသင်တန်းဆင်းတစ်ယောက်လည်းဖြစ်တယ်လို့သိရပါတယ်။

သူဟာ ဒေသခံပြည်သူတွေရဲ့  သတင်းအချက်အလက်တွေ၊ တော်လှန်ရေးနဲ့ ပတ်သက်သူတွေရဲ့ သတင်းတွေကို စစ်ကောင်စီထံ အမြဲမပြတ် ပေးပို့နေသူ တစ်ယောက်ဖြစ်ပြီး စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းစုဆောင်းရာမှာလည်း  တက်ကြွစွာ ပူးပေါင်းနေသူဖြစ်တာကြောင့် ပစ်ခတ် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှင်းလင်းခံလိုက်ရသည့် ပျူစောထီး
0 Shares:
You May Also Like
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကို (၆) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နှင့် နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့် ရဲဘော်များအတွက် ဆုတောင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နဲ့ နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ထိန်းချုပ်၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ရင်းကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။