ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့တစ်ရက်တည်းမှာ လေကြောင်းကနေ ၅ ကြိမ်အထိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီနေ့ နေ့လည်ပိုင်း ၁ နာရီကနေ ၂ နာရီအတွင်းမှာ ၅ ကြိမ်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု တောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေတဲ့အတွက် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို မသိရသေးပါဘူး။

အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆန်တန် ကျေးရွာက ဆန်အရက်ချက်စက်ရုံကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း (ဓာတ်ပုံ 果敢资讯网)

အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့နယ် ၊ မယ်ဟန်ကျေးရွာအုပ်စု ၊ ခိုဆန်တန် ကျေးရွာမှာရှိတဲ့ ဆန်အရက်ချက် စက်ရုံပေါ် ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း MNDAA ခေါင်းဆောင် ဖုန်တာရွှင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းတို့ တွေ့ဆုံမှု ပြုလုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်ပြီး ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

CDF – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်…

ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force - Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။