စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့ကထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ရှားထူးဝေါနည်းပညာသုံး Fixed Wings Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

စစ်ကောင်စီစခန်းကို Fixed Wings Drone ၁၁စီးနဲ့အတူ ဗုံးသီး၂၁လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Myaung Drone Force အဖွဲ့ကထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Myaung Drone Force ( M.D.F ဒရုန်းကျားခင်စိန်အဖွဲ့) နဲ့အတူ PEACOCK Drone Team-Myaung Sparrow Drone Strike ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ့ ၃ ၊ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၅၊  MRF LPDF  ၊ ရဲဘော်ညီနောင် LPDF Hawk Guerrila force ၊ ရေနဂါးLPDF Monya၊ မုံရွာခရိုင်ပကဖ ၊ စစ်ကိုင်းခရိုင် ထောက်ပို့တပ်ရင်းစတဲ့ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁၀ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။