စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။

ပင်မအမြစ်ဖြတ်စစ်ဆင်ရေးအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖော်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လ က ဒီနေ့ အောက်တိုဘာလ ၂၅ ရက်မှာ ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၄) နှစ်မြောက်မိန့်ခွန်းမှာထည့်သွင်းပြောကြားလိုက်တာပါ။

မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ အခုချိန်ဟာ အခွင့်အခါကောင်းဖြစ်တယ်လို့လည်း KIO ဥက္ကဌက ဆိုပါတယ်။

လက်ရှိတော်လှန်ရေးဟာ မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံတဲ့ တော်လှန်ရေးဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ဟာ ဧကန်မုချကျရှုံးလိမ့်မယ်လို့လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်၌ ကျရောက်သည့် KIO တည်ထောင်ခြင်း (၆၄)နှစ်မြောက်နေ့တွင် မိန့်ခွန်းပြောကြားနေသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Screentshot from Laiza TV)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာ စစ်ကောင်စီရဲ့ဩဇာခံ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးနေပြီး သူတို့နဲ့ ပူးပေါင်းဖို့ သတိပေးထားပါတယ်။

KIA ဟာ ဒီလထဲမှာပဲ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ()ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်နယ်မြေအသစ်တွေ အများအပြားထပ်တိုးလာခဲ့ပါတယ်။

KIA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာပဲ ပန်ဝါဒေသနဲ့ ကန်ပိုက်တီးဒေသတွေက နယ်ခြားစောင့်တပ်ဌာနချုပ်တွေကို သိမ်းပိုက်ထိန်းချုပ်ပြီး ထိုးစစ်အရှိန်မြင့်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် KIA ဟာ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကချင်နဲ့ စစ်ကိုင်းနယ်စပ်က မြို့တချို့မှာလည်း တိုက်ပွဲတွေ ဖော်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်နဲ့ ဧရာဝတီအစပ် ကရင်မတောင်ကြောမှာ အကြမ်းဖက်စစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေ

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအကြားမှာရှိပြီး ငသိုင်းချောင်းမြို့ အနောက်ဖက်မှာရှိတဲ့ မိတ်သလင်အကျော် ကရင်မတောင်ကြောပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေနတ်ထိမှန် သေဆုံးသွားကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း အရှိန်ဟုန်မြှင့် စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ဦး သေဆုံးပြီး စခန်းနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး စတဲ့ကျေးရွာတွေ၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊ လက်နက်ကြီး (၁၁၂) လုံးနဲ့ ဒရုန်းနဲ့ ဗုံးအလုံး (၂၀) လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။